Wait My Youth (2019)



















စောင့်ပါအုံး ငါ့ရဲ့ပျိုရွယ်ချိန်လေး 
Wait My Youth 等等啊我的青春(2019)

TYMMtv ပရိသတ်များကို ဒီတခေါက် မိတ်ဆက်ပေးချင်တာတော့ 
2019 ထွက် အရမ်း sweet တဲ့ကျောင်းသားကားလေးတကားပါ

ရိုးစင်းတဲ့ လူငယ်အချစ်၊ ဖြူစင်မှု၊ သူငယ်ချင်းနဲ့ မိသားစုတွေရဲ့နွေးထွေးမှုတွေနဲ့ 
လူငယ်ကျောင်းသားဘဝကို ပြန်ပြီး အမှတ်ရစေနိုင်တဲ့ ကားကောင်းလေးတကားပါ

စူးချန့်ချန့်က စာပေကိုသင်ယူရတာ နှစ်သက်သူပါ
သူမဟာ ကျောင်းရဲ့king ဖြစ်တဲ့ နူးညံ့သိမ်မွေ့ပြီး ရည်မွန်တဲ့ လင်းကျားဇယ်နဲ့ 
ငယ်တည်းက တကျောင်းတည်းတက်လာပြီး ကျိတ်ကြွေနေခဲ့ပါတယ်

လင်းကျားဇယ်ရဲ့သူငယ်ချင်းကောင်း လန်းထျန်းရယ်ကတော့
 ချောမောပြီး ထိန်းလို့သိမ်းလို့မနိုင်တဲ့သူတယောက်ပါ

စူးချန့်ချန့်ဟာ လင်းကျားဇယ်နဲ့ နီးစပ်ဖို့ ကြိုးစားခဲ့ပေမယ့် 
ကံကြမ္မာက လန်းထျန်းရယ်နဲ့ အမြဲမတော်တဆဆုံတွေ့ပြီး 
အမြဲအထင်လွဲမှုလေးတွေဖြစ်ခဲ့ပါတယ်

နောက်ပိုင်း လင်းကျားဇယ်ရော 
လန်းထျန်းရယ်ကော စူးချန့်ချန့်ကို ကြိုက်မိသွားတဲ့အခါ……

သူတို့ ကြီးပြင်းလာတဲ့ လမ်းတလျှောက် 
ဘယ်လိုလျှို့ဝှက်ချက်လေးတွေ၊ စိတ်ပူပန်စရာတွေ၊ 
ချိုမြိန်တာတွေ၊ ထိခိုက်တာတွေ ကြုံတွေ့မလဲဆိုတာတော့……

စူးချန့်ချန့်အဖြစ် ( Li Jia Qi ) Can't Hug You S-2 နဲ့
 Metor Garden (2019) ထဲက အရန်မင်းသမီးအဖြစ်ပါဝင်ခဲ့ပါတယ်

လန်းထျန်းရယ်အဖြစ် ( Zhao Yi Qin ) Memory Lost, 
Accidentally in Love နဲ့ Legend of Hao Lan ထဲက အရန်မင်းသားအဖြစ်ပါဝင်ခဲ့ပါတယ်

လင်းကျားဇယ်အဖြစ် ( Li Ge Yang ) Untouchable Lovers နဲ့
 My Amazing Boyfriend S-2 ထဲက အရန်မင်းသားအဖြစ်ပါဝင်ခဲ့ပါတယ်

အပိုင်း(၂၄) ပိုင်း ပါဝင်ပြီး မတ်လ ၁၉ရက် ၂၀၁၉ မှစပြီး 
Youku မှာ ထုတ်လွှင့်ပြသလျက်ရှိပါတယ် 
Eng sub မရှိဘဲ တရုတ်ကနေ တိုက်ရိုက်ဘာသာပြန်ပေးသွားမှာ ဖြစ်ပါတယ် 
ကြည့်ပြီး ကြိုက်မကြိုက် ပြောသွားကြပါဦးနော်

[Douban Rating - 6.9]

🔸Chinese Translated by Sandi
🔹Sub-timing, Editing & Encoded by San Nu
TYMMtv  မှ ဘာသာပြန် စီစဉ်တင်ဆက်သည်


Comments

Post a Comment

Popular Posts