Royal Nirvana (2019)














Royal Nirvana (2019)

TYMMtv နန်းတွင်း Chinese Fans တွေအတွက် 
Nov 12, 2019 ထွက် အပိုင်း၆၀ ပါ ဝတ္ထုကိုမှီငြငမ်းရိုက်ကူးထားတဲ့ 
နန်းတွင်းဇာတ်လမ်းတွဲကောင်းတကားနဲ့ တင်ဆက်ပေးပါမယ်

ဇာတ်လမ်းအကျဉ်းကတော့.....
မြောက်ပိုင်း ချီပြည်ထောင်ရဲ့အိမ်ရှေ့စံ ရှောင်းတင့်ချွမ်ဟာ 
ငယ်တည်းက မိခင်နဲ့ ညီမကိုဆုံးရှုံးခဲ့ရပြီး ဖခင်နဲ့ ရင်းနှီးခြင်းမရှိပါဘူး
ငယ်ငယ်က အတွေ့ကြုံကြောင့် ချစ်မေတ္တာကို မျှော်လင့်နေသူဖြစ်ပြီး
ဆွေမျိုးတွေကို အတတ်နိုင်ဆုံး ကိုယ့်ဘေးမှာရှိစေချင်ပါတယ်
ဖခင်ရဲ့ချစ်မေတ္တာကို မျှော်လင့်တောင့်တပြီး ဖခင်ရဲ့အသိအမှတ်ပြုကို လိုလားပေမယ့်
မျှော်လင့်ချက်ကျရှုံးမှာကိုလည်း ကြောက်ရွံ့မိပါတယ်

ရှောင်းတင့်ချွမ်ဟာ မိခင်ရဲ့အကို ဦးလေးဖြစ်သူ 
စစ်ရေးရာအမတ်ကြီး ကုစစ်လင်ရဲ့စစ်တပ်အာဏာ ထောက်ပံ့မှုကို ရရှိထားပြီး
နိုင်ငံရေးမှာလည်း ဖြောင့်မတ်တည်ကြည်တဲ့ 
လူရှစ်ယွီအမတ်ကြီးရဲ့လမ်းညွှန်အကြံပေးကိုရရှိထားတဲ့အတွက်
ဘုရင်တစ်ပါးအနေနဲ့ ရှောင်းတင့်ချွမ်ရဲ့အရည်ချင်းနဲ့ 
နောက်ခံအင်အားတောင့်တင်းတာက ခြိမ်းခြောက်မှုကြီးတခုဖြစ်နေပါတယ်

ဒါ့အပြင် မင်းသားချီနဲ့ သူ့ယောက္ခထီး လီပိုင်ကျိုးအမတ်ကြီးတို့ရဲ့
အကြိမ်ကြိမ် ပြဿနာဖန်တီးပြီး
ရှောင်းတင့်ချွမ်ဘေးက လူယုံအစေခံတွေကို 
ထိခိုက်အောင်လုပ်ရုံသာမက
ရှောင်းတင့်ချွမ်နဲ့ သူ့အဖေကြား အထင်လွဲမှုကို
 တဖြည်းဖြည်းနက်ရှိုင်းလာစေပါတယ်

ရှောင်းတင့်ချွမ်ဟာ ကုအားပေါင်ဆိုတဲ့ အစေခံလေးနဲ့ တွေ့ဆုံပြီး 
ချစ်ကြိုက်သွားခဲ့ပေမယ့်
သူမ နန်းတော်ထဲဝင်လာတဲ့ရဲ့ရည်ရွယ်ချက်ကတော့ 
သူမအဖေ လုရင်းအမတ်သေဆုံးခဲ့ရတာကို ကလဲ့စားချေဖို့ပဲဖြစ်ပါတယ်

သို့ပေမယ့် လုရင်းအမတ်မင်းသေဆုံးရခြင်းကို က 
မင်းသားချီက ရှောင်တင့်ချွမ်ပေါ် ပုံချထားတဲ့အခါ...

အိမ်ရှေ့စံ ရှောင်းတင့်ချွမ်အဖြစ် Luo Jin နဲ့ 
လုဝမ်ရှီး အစေခံကုအားပေါင် အဖြစ် Li Yitong
မင်းသားချီ ရှောင်းတင့်တန်းအဖြစ် Jin Han တို့ ပါဝင်ထားပြီး 
လက်ရှိပြသနေတာမှာ Review ကောင်း ရရှိထားနေတာလည်း ဖြစ်ပါတယ်

[Douban Rating - 7.1]

Translated by *San Nu* & *Wu Zhi Mei*
Edited & Encoded by *San Nu*

Comments

  1. ကြိုက်တယ်ဗျာ နန်းတွင်းကားတင်တာ🥰
    Nirvana in fireလေးတင်ပေးပါဦး
    အဆင်ပြေလို့ရှိရင် 🙏

    ReplyDelete
  2. 720 လေးပါတ​ပေးရင် သိပ်ကောင်းမှာပဲ
    ဖုန်းနဲ့ကြည့်တာဆိုတော့ အဲ့လောက်ကအဆင်ပြေp storageက တော်ေ​တ​လေးဒုက​ရောက်တယ်

    ReplyDelete
    Replies
    1. 720မလုပ်နဲ့တော့1080pဆိုpmbကိုမကြည့်လိုက်မိဘူး ရှဲရှဲ

      Delete
  3. တစ်ဆက်တည်းသာ ကြည်ချင် လာတယ်

    ReplyDelete
  4. တစ်ပတ်မှတစ်ပိုင်းလားဗျ အားမရလိုက်

    တာ

    ReplyDelete
  5. တစ်ပတ်နှစ်ပိုင်းတော့ လုပ်လို့မရဘူးလား
    တစ်လမှ သုံးပိုင်းဆိုတော့ တအားကို အားမလိုအားမရဖြစ်ပါတယ်

    ReplyDelete
  6. ဆက်မပြန်တော့ဘူးလား မင်မင်

    ReplyDelete
  7. အပိုင်း ၉ အထိ link ပျက်သွားပြီ...
    ပြန်တင်ပေးလို့ရလားဟင်....

    ReplyDelete
  8. Casino games: jackpot slots, casino - Dr.CMC
    of 광양 출장샵 the best slots. 출장마사지 They are the best in 동두천 출장마사지 our list of most popular casino 여수 출장샵 games, slots for 의왕 출장샵 beginners. Jackpot slots are among the

    ReplyDelete

Post a Comment

Popular Posts