Ming Dynasty (2019)





























Ming Dynasty 
(OR)
Empress of Ming Dynasty (2019)


TYMMtv နန်းတွင်းကားကြိုက် ပရိသတ်တွေအတွက် 
2019 Dec17 ရက်နေ့က စတင်ပြသတဲ့ 
ရာဇဝင်ကားကောင်းလေးတကားနဲ့ တင်ဆက်ပေးပါမယ်
ခုနောက်ပိုင်း ဒီလိုနန်းတွင်းရာဇဝင်ကားဟာ 
အင်တာနက်လိုင်း​တွေကနေသာ ပြသခွင့်ရပြီး
ဒီကားကတော့ ထူးထူးခြားခြား တရုတ်TV လိုင်းကနေ ပြသခွင့်ရခဲ့ပါတယ်

ဇာတ်လမ်းလေးကတော့ စွန်းရော့ဝေးမိဖုရားခေါင်ဟာ 
မင်မင်းဆက်ဖြစ်တဲ့ ကျန့်ဝမ်မင်းလက်ထက်၊ ယုံလဲ့မင်းလက်ထက်၊ 
ဟုန်ရှီးမင်းလက်ထက်၊ ရွမ်တယ်မင်းလက်ထက်၊ 
ရင်းကျုံးမင်းလက်ထက်၊ ကျင်းထိုက်မင်းလက်ထက် ဆိုတဲ့ 
မင်မင်းဆက် ၆ဆက်ကို ကြုံတွေ့ခဲ့ရပြီး 
မင်ဘုရင်၅ဆက်အတွင်း နန်းတော်ထဲမှာ နေထိုင်စဉ် ဖြစ်ပျက်ခဲ့တဲ့ဇာတ်လမ်းဖြစ်ပါတယ်

ဇာတ်လမ်းအကျဉ်းလေးကတော့....
မင်မင်းဆက် ကျန့်ဝမ်မင်းနန်းသက်၄နှစ်မှာ 
ကျူးတိက နန်းမြို့တော်ကို တိုက်ခိုက်ခဲ့ရာ  
ကျန့်ဝမ်မင်းက ဘုန်းကြီးလိုဟန်ဆောင်ပြီး 
သေးဘေးမှလွှတ်မြောက်သွားပါတယ်

ကျန့်ဝမ်မင်းကို ထောက်ခံ့သူတွေကတော့ လိုက်ခံသတ်ဖြတ်ခံခဲ့ရကာ 
ကျန့်ချင်းဆိုတဲ့ နန်းတွင်းအမတ်တဦးနဲ့ သူ့ဇနီးလည်း အသတ်ခံလိုက်ရပါတယ်

ကျန့်ချင်းအား ကျေးဇူးကြွေးရှိခဲ့ဖူးတဲ့ စစ်သူကြီး စွန်းယွီက 
ကျန့်ချင်းရဲ့သမီးကြီး ရော့ဝေးကို ကယ်တင်ကာ ထွက်ပြေးခဲ့ပြီး 
အသက်ဘေးမှလွှတ်မြောက်သွားပါတယ်

ကျန့်ချင်းရဲ့သမီးငယ် မန့်ရင်းကတော့ 
အိမ်ရှေ့စံနဲ့ အိမ်ရှေ့စံသားတို့က ကယ်တင်ခဲ့ပါတယ်

ညီအမနှစ်ယောက်က မတူညီတဲ့ ဘဝမှာရှင်သန်နေထိုင်ခဲ့ကြရပြီး
ညီမဖြစ်သူ မန့်ရင်းက နန်းတွင်းမှာကြီးပြင်းလာခဲ့ပြီး
အစ်မဖြစ်သူ ရော့ဝေးက သာမန်အရပ်မှာ ကြီးပြင်းလာခဲ့ကာ
ဆယ်နှစ်ကျော်ကြာတဲ့အခါမှာ 
ရော့ဝေးဟာ ကျူးတိကိုလုပ်ကြံသတ်ဖြတ်ဖို့ 
ကျင့်နန် မိဘမဲ့တွေနဲ့အတူ မြို့တော်ကိုဝင်ရောက်ခဲ့ပါတယ်

လုပ်ကြံသတ်ဖြတ်မှု ကျရှုံးခဲ့ပြီး 
ရော့ဝေးက ဘုရင့်မြေး ကျူးကျန်းကျီးနဲ့ တွေ့ဆုံခဲ့ပြီး
လူငယ်နှစ်ယောက်ဟာ ရန်သူလည်းဖြစ်သလို 
မိတ်ဆွေလည်းဖြစ်တဲ့ ကံကြမ္မာတခုဖြစ်လာပါတယ်

ကံကြမ္မာဟာ လူကိုကျီစယ်ခဲ့ပါတယ် 
ရော့ဝေးနဲ့ သူမညီမ မန့်ရင်းဟာ 
အတူတူ နန်းတွင်းထဲ လက်ထပ်ဝင်ရောက်ခဲ့ရပြီး
ယုံလဲ့မင်းလက်ထက်မှာ တိုင်းပြည်အရှုပ်ယှက်ဖြစ်နေတာကနေ 
ပြန်လည်ကောင်းမွန်လာတာကို တွေ့ကြုံခဲ့ရပါတယ်

တိုင်းပြည်တခု သာယာဝပြောအောင်တည်ထောင်ဖို့ မလွယ်ကူကြောင်းကိုသိတဲ့
ရော့ဝေးဟာ လက်စားချေဖို့အကြံစည်ကို စွန့်လွှတ်နိုင်မလား
ကျူးကျန့်ကျီးရဲ့ကြင်နာမှုတွေကြောင့် 
သူမရဲ့အမုန်းတရားတွေကို ချေဖျက်ပစ်နိုင်မလားဆိုတာတော့....
အပိုင်း (62) ပိုင်းပါရှိပြီး Hunan TV ကနေ ပြသလျက်ရှိပြီး 
နန်းတွင်းရာဇဝင်ကားကြိုက်နှစ်သက်သူတွေ
လက်မလွှတ်သင့်တဲ့ ကားကောင်းလေးဖြစ်ပါတယ်

📃Real History 📃
ဒီဇာတ်ကားက သမိုင်းကြောင်းကို အခြေခံပြီးရိုက်ကူးထားတာဖြစ်ပြီး
 လူတွေကတကယ် တကယ့်သမိုင်းမှာရှိခဲ့သူတွေဖြစ်ပါတယ်

မင်မင်းဆက်ရဲ့တတိယမြောက်မင်းဆက်ဖြစ်တဲ့ ယုံလဲ့မင်းဟာဆိုရင်
ပေကျင်းမြို့မှာ နန်းမြို့တော်အဖြစ် စတည်ခဲ့ရာ 
ခေတ်အဆက်ဆက် ယခုချိန်ထိ ယခုတရုတ်နိုင်ငံရဲ့မြို့တော်အဖြစ်တည်ရှိနေပါတယ်

ဒါ့အပြင် ယုံလဲ့မင်းဟာ ပေကျင်းမှာရှိတဲ့ Forbidden City (တားမြစ်နန်းတော်) ကို 
တည်ဆောက်ခဲ့သူလည်းဖြစ်ပါတယ်

UNESCO World Heritage ဝင်တဲ့ Grand Canal ဟာဆိုရင် 
ကမ္ဘာမှာ သဘာဝမြစ်အတိုင်း ဆောက်လုပ်ထားတဲ့ 
အရှည်ဆုံး ရှေးအကျဆုံး canal ဖြစ်ပြီး 
ယုံလဲ့မင်းလင်ထက်မှာ ပြန်လည်အသစ်တည်ဆောက်မွမ်းမံဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်

နောက်ပြီး ယုံလဲ့မင်းဟာ မင်မင်းဆက်က ဘုရင်တွေနဲ့ တော်ဝင်မျိုးနွယ်တို့မြုပ်နှံဖို့ 
ဂူဗိမာန်ဖြစ်တဲ့ 13 Ming Tombs ကို တည်ဆောက်ခဲ့သူလည်းဖြစ်ပြီး 
13 Ming Tombs ဟာဆိုလည်း UNESCO World Heritage ဝင်ပါတယ်

👥ပါဝင်သော သရုပ်ဆောင်များ Cast👥
စွန်းမိဖုရားခေါင် စွန်းရော့ဝေး အဖြစ်  Tang Wei
ရွမ်တယ်မင်း ကျူးကျန်းကျီးအဖြစ် Zhu Yawen
ယုံလဲ့မင်း ကျူးတိအဖြစ် Wang Xueqi
ရွှီပင်းအဖြစ် Qiao Zhenyu
ရင်းကျုံးမင်း ကျူးချီကျန့်အဖြစ် Zhang Yixing
ဟူးမိဖုရားခေါင် ဟူးရှန့်ရှန် အဖြစ် Deng Jiajia
ဟုန်ရှီးမင်း ကျူးကောင်းချစ်အဖြစ် Liang Guanhua
ကျင်းထိုက်မင်း ကျူးချစ်ယွီအဖြစ် Li Xin Liang

[Douban Rating - 6.2]

Translated by **Lamung Sut Ring Jat**
Editing & Encoded by **San Nu**
Presented by \TYMMtv.com.vol-2/

Episode 01 (Mega) 1080p      Episode 01 (Can Choose 480p, 720p & 1080p)
Episode 02 (Mega) 1080p      Episode 02 (Can Choose 480p, 720p & 1080p)
Episode 03 (Mega) 1080p      Episode 03 (Can Choose 480p, 720p & 1080p)
Episode 04 (Mega) 1080p      Episode 04 (Can Choose 480p, 720p & 1080p)
Episode 05 (Mega) 1080p      Episode 05 (Can Choose 480p, 720p & 1080p)
Episode 06 (Mega) 1080p      Episode 06 (Can Choose 480p, 720p & 1080p)
Episode 07 (Mega) 1080p      Episode 07 (Can Choose 480p, 720p & 1080p)
Episode 08 (Mega) 1080p
Episode 09 (Mega) 1080p
Episode 10 (Mega) 1080p
Episode 11 (Mega) 1080p
Episode 12 (Mega) 1080p
Episode 13 (Mega) 1080p
Episode 14 (Mega) 1080p
Episode 15 (Mega) 1080p
Episode 16 (Mega) 1080p
Episode 17 (Mega) 1080p
Episode 18 (Mega) 1080p
Episode 19 (Mega) 1080p
Episode 20 (Mega) 1080p
Episode 21 (Mega) 1080p
Episode 22 (Mega) 1080p
Episode 23 (Mega) 1080p
Episode 24 (Mega) 1080p

Comments

  1. နောက်အပိုင်းတွေ ဆက်တင်ပေးပါဦး Please

    ReplyDelete
  2. မတင်တော့ဘူးလာဗျာ နေ့တိုင်းဝင်ကြည့်ရတာမောထာ

    ReplyDelete
  3. အဆုံးထိမပါဘူးလား

    ReplyDelete
  4. ၂၄ပိုင်းနဲ့ပီသွားပြီးလား ဆက်မတင်တော့ဘူးလား

    ReplyDelete
  5. ဆက်တင်ပေးပါအုံး 2021 တောင် ကုန်တော့မယ်

    ReplyDelete

Post a Comment

Popular Posts