Sword Dynasty (2019)













ဓားမင်းဆက်ရဲ့သွေးကလဲ့စား
Sword Dynasty 剑王朝 (2019)

TYMMtv Chinese Fan များအတွက် 
ခေတ်ကား ကျောင်းသားကား နန်းတွင်းကားတွေနဲ့ အစုံတင်ဆက်ပေးလျက်ရှိရာမှ 
ယခုတခါ သိုင်းကားကောင်းတစ်ကား တင်ဆက်ပေးပါမည်

Dec 6, 2019 ကမှ စတင်ထွက်ရှိပြီး iQiyi မှ ပြသလျက်ရှိရာ အပိုင်း (၃၄) ပါရှိတဲ့ 
Wusha , Action အမျိုးစားဖြစ်ပြီး ဝတ္ထုကနေမှီငြမ်းပြီး 
2017 မှာ Anime အဖြစ်ရိုက်ကူးခဲ့ကာ 
ယခု tv series အဖြစ် ရိုက်ကူးပြသခြင်းဖြစ်ပါတယ်

အဓိကမင်းသား မင်းသမီးကို TYMMtv က ပရိသတ်တွေ အမြင်စိမ်းမှာ မဟုတ်တဲ့
Go Go Squid ကားနဲ့ပေါက်ခဲ့တဲ့ Li Xian နဲ့ 
Royal nirvana ထဲက Li Yi Tong တို့ အဓိကပါဝင်ထားတဲ့အပြင်
ထိုင်ဝမ်နာမည်ကြီးမင်းသား Peter Ho နဲ့ 
Age of Legends, Legend of Fuyao, Lost Love in Time, The Disguiser, Nirvana in Fire တို့ 
ကားကြီးတွေမှာအမြဲပါတဲ့ မင်းသားကြီး Liu Yi Jun ကလည်း ပါဝင်အားဖြည့်ထားပါတယ်

ဟန်နဲ့ လျဲ့တိုင်းပြည်ဟာ စစ်မက်ဖြစ်ပွားတဲ့အခါမှာ 
ဟန်ဘုရင်ယွမ်ဝူ သေဘေးကြုံရတော့မည့်ဆဲဆဲ
ပါးရှန်းဓါးဂိုဏ်းဓါးခေါင်းဆောင် လန်ကျင်းမုံကယ်တင်ခဲ့သောကြောင့် 
ဟန်တိုင်းပြည်က စစ်ရေးအောင်နိုင်ခဲ့ပါတယ်
သို့ပေမယ့် ဟန်ဘုရင်ယွမ်ဝူဟာ လန်ကျင်းမုံ့အာဏာပိုကြီးလာမည်ကိုစိုးရိမ်သောကြောင့်
 ဘုရင့်လုပ်ကြံမှုနဲ့ အဆိပ်ခတ်သတ်ပစ်ခဲ့ပါတယ်

တင်းနင်ဆိုတဲ့ ကောင်လေးဟာ မွေးကတည်းက 
ယမ်ချီမတည်ငြိမ်သော ခန္ဓာကိုယ်ပိုင်ဆိုင်ထားပြီး
သူ့ရည်ရွယ်ချက်က ဟန်ဘုရင်ကိုလက်စားချေဖို့နဲ့ ဓားမင်းဆက်ကို တည်ထောင်ဖို့ပါ
ဒီလိုဆို တင်းနင်ရဲ့ဘ၀မှန်က ဘာများဖြစ်မလဲ
တင်းနင်ဟာ လန်ကျင်းမုံ့နဲ့ရော ဘယ်လိုပတ်သက်မှုမျိုးရှိနေလဲ

ကျန်စွန်းချန်ရွှယ်က ယခင်က ကုံးစွန်းအိမ်တော်ကသမီးဖြစ်ပြီး
လန်ကျင်းမုံ့၏ ကျိုယိုးဓါးကျမ်းကို ဆက်ခံခဲ့သူတဦးပါ
ကျန်စွန်းချန်ရွှယ်ရဲ့မိသားစုဟာ လန်ကျင်းမုံ့နဲ့ ဘယ်လိုပတ်သက်မှုမျိုးရှိလို့ 
တစ်မိသားစုသတ်ဖြတ်ခံရတာလဲ

တင်းနင်ကရော သူ့အိပ်မက်ဖြစ်တဲ့ 
ဓားမင်းဆက်ကို တည်ထောင်နိုင်မလားဆိုတာတော့....

ကြိုက်နှစ်သက်ရာ Page မှ ကြည့်ရှုနိုင်ပါတယ် 
မစောင့်နိုင်လို့ မြန်တဲ့ Page က ကြည့်လည်းရပါတယ် 
ဒါက Fans တွေရဲ့လွတ်လပ်ခွင့်ပါ
Admin တို့ ဆောင်ပုဒ်ကတော့ Quality ကောင်းကောင်း ဘာသာပြန်ကောင်းနဲ့ 
တင်ဆက်ဖို့ပါပဲ မြန်ဖို့ကိုဦးစားမပေးပါဘူး
Admin တို့ Page ကတော့ လုတင်တာ ပြိုင်တင်တာ စိတ်မဝင်စားပါ 
ကိုယ့်ကိုပြီးရင် ပြီးသလိုပဲတင်မှာဖြစ်တဲ့အတွက် 
သူများတွေထက်လည်း နောက်ကျနိုင်ပါကြောင်း ကြိုအသိပေးပါတယ်

[Douban Rating - 6.3]

Chinese Translated by *DejaVu CJ*
Subtiming, Editing & Encoded by *San Nu*
Presented by \TYMMtv.com.vol-2/


Comments

  1. ဆက်ပြီးမတတော့ဘူးလား ဘာသာပြန်တာကောင်းပါတယ် ကျန်တဲ့အပိုင်းတင်ပေးပါဦး

    ReplyDelete
  2. This comment has been removed by the author.

    ReplyDelete

Post a Comment

Popular Posts