Wait in Beijing (2020)















ပေကျင်းမှာ စောင့်မျှော်နေမယ်
Wait in Beijing 我在北京等你 (2020)

Wait in Beijing Drama လေးကတော့ 
အမေရိကန်ရောက် တရုတ်လူငယ်တစ်စုရဲ့အိမ်မက်ကိုအကောင်အထည်ဖော်ရင်း 
တွေ့ကြုံရတဲ့အခက်အခဲတွေကိုဖြေရှင်းကြပုံနဲ့ 
လူနေမှုပုံစံကအစ မတူကွဲပြားတဲ့လူငယ်နှစ်ယောက်ကြားက 
အချစ်အမုန်းခံစားချက်တွေကို မြင်တွေ့ရမယ့် 
အပိုင်း၄၆ပိုင်းပါဝင်တဲ့ Romantic drama အမျိုးအစားလေးပါ 

အဓိကဇာတ်ကောင်ဖြစ်တဲ့ ရွှီထျန်းကတော့ 
အမေရိကန်နိုင်ငံသား တရုတ်လူမျိုးအငယ်တန်းရှေ့နေတစ်ယောက်ပါ 
ရှန့်ရှကတော့ ကိုယ်ပိုင်Fashion Brand တစ်ခုဖန်တီးနိုင်ရမယ်ဆိုတဲ့ 
အိပ်မက်ကိုလက်ကိုင်ပြီး ကြိုးစားနေတဲ့ 
အမေရိကန်ရောက်တရုတ်လူမျိုး ဒီဇိုင်နာတစ်ယောက်ပါ 
တစ်နေ့ သူမရဲ့အိပ်မက်အတိုင်း Fashion Show တစ်ခုမှပါဝင်ခွင့်ရခဲ့လို့ သွားရာကနေ 
ရွှီထျန်းနဲ့ မတော်တဆတစ်ခုဖြစ်ခဲ့ပြီး ရွှီထျန်းရဲ့ လိမ်ညာခြင်းကိုခံလိုက်ရပါတယ်
အဲ့နောက်ပိုင်း ရွှီထျန်းရဲ့အလိမ်အညာတွေကိုသိပြီး ဘယ်လိုတွေဆက်ဖြစ်မလဲ 
ရှေ့နေ့နဲ့ ဒီဇိုင်နာ အတွေးအမြင်ကအစ ဆန့်ကျင်ဘက်ဖြစ်နေတဲ့ 
သူတို့နှစ်ယောက် အရေးကြုံလာတဲ့အချိန် 
တစ်ယောက်ကိုတစ်ယောက် ဘယ်လိုကူညီပေးကြမလဲ 
အနေနီးရင်း အချစ်တွေဘယ်လိုပေါက်ဖွားလာမလဲဆိုတာတော့ 
Wait in Beijing ဆိုတဲ့ drama လေးထဲမှာကြည့်ရမှာပါ 
မြင်တွေနေကျ တရုတ်အချစ်ဇာတ်လမ်းတွေထဲကလို 
မင်းသားနဲ့မင်းသမီး မြင်မြင်ချင်းချစ်ပြီး Roနေတာမျိုး 
မိန်းကလေးဘက်ကစကြိုက် တဲ့ပုံစံမျိုးတွေ ရိုးအီနေပြီဆို 
ဒီဇာတ်ကားလေးကိုကြည့်ကြည့်စေချင်ပါတယ်

[Douban Rating - 4.7]

Review & Translated by *Li Yi Feng Myanmar Fan Page*
Subtiming, Editing & Encoded by *San Nu*
Presented by *TYMMtv*


Comments

  1. 2020 နှစ်ကုန်တဲ့ထိ ပြီးမယ်မထင်

    ReplyDelete
  2. ထပ်တင်ပေးအုန်း ကျန်တဲ့ အပိုင်းတွေကို

    ReplyDelete
  3. ကျန်တဲ့အပိုင်းလေးတွေရရင်တင်ပေးပါအုန်းနော်

    ReplyDelete
  4. Very nice Drama , Thank you admin . Hope u upload next episodes.

    ReplyDelete

Post a Comment

Popular Posts