Mr. Honesty (2020)
















ရိုးသားလွန်းသူကြီး
Mr. Honesty 不说谎恋人 (2020)

TYMMtv Chinese Fans တွေအတွက် Jun 29 က ထွက်ရှိထားတဲ့ 
ရိုးသားလွန်းတဲ့ CEO နဲ့ လက်ထောက်မလေးရဲ့Romance ကားလေး တင်ဆက်ပေးပါမယ်

ဖန်းကျီယို အလိမ်အညာကိုမုန်းတီးပြီး ရိုးသားလွန်းတဲ့ CEO 
ဘာမဆို မလိမ်ညာဘဲ ရိုးရိုးသားသား တည့်တိုးပြောတတ်တာကြောင့် 
ဆက်ဆံရလက်ပေါက်ကပ်သူ

ရွှီရိရန် အားမာန်တက်ကြွတဲ့ ကောင်မလေးတယောက် 
ရွှီရိရန်တယောက် တနေ့တည်းနဲ့ ရည်းစားနဲ့လည်းကွဲ အလုပ်ရောပြုတ်သွားတာကြောင့်
အလုပ်သစ်ကို အင်တာဗျူးသွားဖြေခဲ့ပါတယ်

မထင်မှတ်ဘဲ သူမ အလုပ်သစ်လျှောက်ထားတဲ့ ကုမ္ပဏီက 
သူဌေးက ဖန်းကျီယိုဖြစ်နေတဲ့အခါ...

လိမ်ညာတာကိုသည်းမခံနိုင်တဲ့ ဖန်းကျီယိုရဲ့ရိုးသားတည့်ပြောတဲ့စကားကြောင့်
သူမရည်းစားနဲ့ကွဲအောင် အလုပ်ပြုတ်အောင်ဖြစ်စေခဲ့တာပါ
 
အင်တာဗျူးမှာလည်း လိမ်ညာပြောဆိုတာကြောင့် 
ရွှီရိရန်က အလုပ်မရခဲ့ပေမယ့်

ဖန်းကျီယိုနဲ့ အလုပ်တူလုပ်တဲ့ ဥက္ကဌဟယ်က 
မလိမ်ညာတတ်တဲ့ ဥက္ကဌဖန်းအတွက် 
လိမ်ညာပြောကူပေးရမယ့်သူအဖြစ် 
ရွှီရိရန်ကို လျှို့ဝှက်တာဝန်ပေးပြီး လက်ထောက်အဖြစ်ခန့်အပ်လိုက်ပါတယ်

အစက အချင်းချင်း မကြည်ကြတဲ့သူနှစ်ယောက် 
ဆက်ဆံရင်းနဲ့ တယောက်အကြောင်း တယောက်နားလည်လာတဲ့အခါမှာ 

အချင်းချင်း ဖေးမကူညီရင်း ဘယ်လိုအချစ်တွေ ပေါက်ဖွားလာမလဲ

မမျှော်လင့်ထားတဲ့ ဘယ်လိုရယ်စရာလေးတွေ ကြုံရမလဲ

လိမ်ညာဖုံးကွယ်မှုမရှိဘဲ ရိုးရိုးသားသား တည့်ပြောတတ်တဲ့ 
ဥက္ကဌဖန်းရဲ့စကားအပြောဆိုတွေကြောင့် ဘယ်လို ro ဆန်မလဲဆိုတာတော့....

အပိုင်း(၃၁) ပိုင်းပါဝင်မှာဖြစ်ပြီး 

မင်းသားကတော့ dreaming back to qing dynasty က 
မင်းသား၁၄ (Xin Yun Lai) ပါဝင်ထားတာဖြစ်ပြီး 
မင်းသမီး (Liang Jie) ကတော့ မိတ်ဆက်ပေးစရာမလိုဘူးထင်ပါတယ်
ကြိုက်မကြိုက် လည်း ment သွားကြပါအုံးနော်

[Douban Rating - 6.3]

Translated by TianXian Bao Bao
Editing & Encoded by San Nu
Presented by *TYMMtv.com.vol-2*


Comments

  1. မင်းသမီး နဲ့တင် ကြွေ နေပါပီနော် 🥰🥰

    ReplyDelete
  2. ဘယ်နေ့‌ေတွတင်ပေးတာလဲ

    ReplyDelete

Post a Comment

Popular Posts