Empresses in the Palace (The Legend of Zhen Huan)

 




























Empresses in the Palace (The Legend of Zhen Huan)

ကျန်းဟွမ်ရာဇဝင် 甄嬛传


TYMMtv တရုတ်နန်းတွင်းပရိသတ်များအတွက် 
ဝက်ဝက်ကွဲအောင်မြင်ကျော်ကြားတဲ့ 
Old but Gold ကားလေးတင်ဆက်ပေးပါမယ်

ချင်မင်းဆက် 
ယုံးကျန့်ဧကရာဇ် (ခန်းရှီးဧကရာဇ်၏ သားတော်၄ ရင်းကျန့်၊ 
ချန်လုံဧကရာဇ်၏ ဖခည်းတော်) လက်ထက်
အနောက်နန်းဆောင်ရဲ့အရှုပ်တော်ပုံကို 
အဓိကဇာတ်လမ်းဖွဲ့ရိုက်ကူးထားခြင်းဖြစ်ပါတယ်

ခန်းရှီးဧကရာဇ်နတ်ရွာစံပြီးနောက် နန်းတွင်းအာဏာလုပွဲကြီးဖြစ်ပွားခဲ့ပြီး 
နောက်ဆုံးမှာ  ယုံးကျန့်ဧကရာဇ် နန်းတက်လာခဲ့ပါတယ်
အာဏာရပြီးတဲ့နောက် အစဉ်အလာအရ သုံးနှစ်တစ်ခါကျင်းပတဲ့
အနောက်နန်းဆောင် မောင်းမတော်ရွေးပွဲကိုပြုလုပ်ခဲ့ပါတယ်
 
ကျန်းဟွမ်ဟာ  တော်ဝင်တရားစီရင်ရေးရာဌာန အကြံပေးအရာရှိရဲ့သမီးဖြစ်ပြီး 
သူမဟာ စိတ်တူကိုယ်တူ ဆံဖြူတဲ့ထိပေါင်းဖက်နိုင်သူကိုသာ 
လက်ထပ်ဖို့ ရည်ရွယ်ထားသူဖြစ်ပါတယ် 

အဲ့ဒါကြောင့် တစ်ခြားသူတွေလိုမဟုတ်ဘဲ 
မောင်းမရွေးပွဲမှာ အရွေးမခံရဖို့သာမျှော်လင့်နေခဲ့ပါတယ်
ဒါပေမယ့် သူမဆန္ဒမပြည့်ဝခဲ့ပဲ ရှုပ်ထွေးပြီးအန္တရာယ်များလှတဲ့ 
အနောက်နန်းဆောင်ထဲ ခြေချခဲ့အခါ
အနောက်ဆောင်နဲ့ အရှေ့ဆောင်ညီလာခံအမတ်တွေကြား
ဆက်စပ်မှုတွေက 
ထင်ထားတာထက်ပိုမိုနက်ရှိုင်းပြီး 
ကိုယ်ကျိုးအတွက် အပြန်အလှန်ကြံစည် အသုံးချမှု 
အသက်အန္တရာယ်ချိန်းခြောက်မှုတွေနဲ့ ကြုံတွေ့လာရတဲ့အခါ 
ကျော်လွှားနိုင်ပါ့မလား 

အာဏာထက် အသက်ကအရေးကြီးပေမယ့် 
အာဏာမရှိရင် အသက်ပျောက်မယ့်
အခြေအနေရောက်လာတဲ့အခါ 
ဘာတွေဆက်ဖြစ်မလဲဆိုတော့....

အပိုင်း(၇၆) ပိုင်းပါဝင်ပြီး ပီပြင်တဲ့သရုပ်ဆောင်ချက်နဲ့ 
ထိထိမိမိရိုက်ချက်တွေကြောင့် 
ဆုတွေအများကြီးဆွတ်ခူးထားတဲ့ ဇာတ်ကားကောင်းဖြစ်ပါတယ်
တရုတ်နန်းတွင်းရာဇဝင်ကားလို့ပြောလိုက်ရင် 
ဒီကားက ထိပ်ဆုံးမှာ ပါဝင်နေတဲ့ ကားဖြစ်တာကြောင့် 
ကြည့်ရှုသင့်တဲ့ကားလေးမလို့ 
TYMMtv ကနေ ရုပ်ထွက်ကြည်လင်တဲ့ HD qualityနဲ့
 ဘာသာပြန်ကောင်းကောင်းလေးနဲ့ 
တင်ဆက်လိုက်ပါတယ်

ချင်မင်းဆက် မိဖုရားတွေရဲ့ရာထူးအဆင့်လိုက်နဲ့ အသုံးနှုန်း

အဆင့်၁ * မိဖုရားခေါင်* … တယောက်တည်း
အဆင့်၂ * ဟွမ်ကွေ့ဖေး* … တယောက်တည်း
အဆင့်၃ * ကွေ့ဖေး* … နှစ်ယောက်ထားနိုင်
အဆင့်၄ * ဖေး* … လေးယောက်ထားနိုင်
အဆင့်၅ * ဖင်* … ခြောက်ယောက်ထားနိုင်
အဆင့်၆ * ကွေ့ရန်* … အကန့်သတ်မရှိထားနိုင်
အဆင့်၇ * ချန်ကျိုက်* … အကန့်သတ်မရှိထားနိုင်
အဆင့်၈ *သားရင့်* … အကန့်သတ်မရှိထားနိုင်
အဆင့်၉ အနိမ့်ကျဆုံး * ကွမ်းနွီကျီ* … အကန့်သတ်မရှိထားနိုင်


[ Douban Rating - 9.2 ]

Translated by *Lamung Naw Seng*
Editing & Encoded by *San Nu*
Presented by **TYMMtv.com.vol-2**







Comments

Post a Comment

Popular Posts