Closer to You (2020)






















💓မင်းနဲ့အနီးဆုံးမှာပဲ နေချင်တယ်💓
Closer to You 我的刺猬女孩 (2020)


TYMMtv Chinese Fans တွေအတွက် ဒီတခါ 

Time Travel Romance ကားလေးတကား တင်ဆက်ပေးပါမယ်


ခွဲစိတ်ဆရာဝန်ခန့်ချော ဝူကျင်ဟောက်က ကျောင်းသားဘဝက အမြဲအနိုင်ကျင့်ခံသူ


တနေ့ ကျောင်းကို ဟန်ဖေးဆိုတဲ့ကျောင်းသူသစ်လေးတယောက် ရောက်လာပါတယ်

အမြဲတမ်း တယောက်တည်းနေတတ်ပြီး စကားပြောလေ့မရှှိ

ဖြူကောင်လို အနီးကပ်ဖို့ခက်ခဲတဲ့သူမဟာ 

တခြားသူတွေနဲ့တမူမတူတာကို သတိပြုမိခဲ့ပါတယ်


ဝူကျင်ဟောက်ဟာ အနိုင်ကျင့်ခံရမှုများကို မခံနိုင်တော့တာကြောင့် 

ကိုယ့်ကိုသတ်သေဖို့ အကြိမ်ကြိမ်ကြံစည်ခဲ့ပေမယ့်

အမြဲ ဟန်ဖေးနဲ့အမှတ်မထင်ဆုံပြီး သတ်သေဖို့ကြံရာကနေ ပျက်စီးသွားခဲ့ပါတယ်


ဒါ့အပြင် ဟန်ဖေးက သူ့ကိုအနိုင်ကျင့်သူကို ပြန်လည်လက်စားချေပေးတဲ့အတွက် 

ဝူကျင်ဟောက်အတွက် သူမဟာ နတ်သမီးတပါးလိုပါပဲ


သို့ပေမယ့် တနေ့ ဟန်ဖေးဟာ မတော်တဆဖြစ်ပြီး 

အမတ်မထင် သေဆုံးသွားကြောင်း ကြားသိရတဲ့အခါ 

ဝူကျင်ဟောက် တသက်လုံးနောင်တတွေ ရပါတော့တယ်


တနေ့ ကံကြမ္မာက ဝူကျင်ဟောက်ကို

ပျိုရွယ်စဉ်က နောင်တကို ပြန်ဖြည့်ဆည်းနိုင်မယ့်အခွင့်အရေးတခုပေးခဲ့ပါတယ်


ဝူကျင်ဟောက်တယောက် 

အထက်တန်းတတိယနှစ်ကို ပြန်လည်ရောက်ရှိသွားတဲ့အခါ

အမြဲအနိုင်ကျင့်ခံရတဲ့ ဝူကျင်ဟောက်တယောက် 

ကိုယ့်ရဲ့ပျော့ညံ့တဲ့ အကျင့်စရိုက်ကို ပြင်ဆင်ကာ 

ဘေးက သူငယ်ချင်းနဲ့ မိသားစုဆက်ဆံရေးကို 

ဘယ်လိုအသစ်တဖန်ပြောင်းလဲစေမလဲ...


ဟန်ဖေး မတော်တဆဖြစ်ရဲ့အကြောင်းရင်းက ဘာလဲ...


သူတဖက်သတ်ချစ်ဖူးခဲ့တဲ့ ဟန်ဖေး မတော်တဆဖြစ်မှာကနေကော 

တားဆီးနိုင်ပါ့မလားဆိုတာတော့...


အပိုင်း(၂၄) ပိုင်းပါရှိကာ Youku ကနေ ထုတ်လွှင့်ပြသတာဖြစ်ပြီး 

Romance, School, Youth အမျိုးစားလေးဖြစ်ပါတယ်


ဝူကျင်ဟောက် အဖြစ် (Li Yi Nan)

ဟန်ဖေး အဖြစ် (Zhuang Da Fei)

ပိုင်ကျန့်ယွီ အဖြစ် (He Ze Yuan)

ကျန်ဖန်း အဖြစ် (Wang Rui) 

မော့ရှောင်ပေ့ အဖြစ် (Zheng Miao)


[Douban Rating - 7.1]

Chinese Translated by *DejaVu CJ*
Sub-timing, Editing & Encoded by *San Nu*
Presented by **TYMMtv.com.vol-2**


Comments

Post a Comment

Popular Posts